News and Updates

Dec 18 17:27
ဆီးဂိမ်း ဒိုင်ဗင် ၃ မီတာ Springboard ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် သက်မှူးရွှေစင် ၀င်ရောက်ယှဉ်ပြိုင်
နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရေကူးအားကစားရုံတွင် ဒီဇင်ဘာ ၁၈ ရက်က ကျင်းပလျက်သော ၂၇ ကြိမ်မြောက် ဆီးဂိမ်း ဒိုင်ဗင် ၃ မီတာ Springboard ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် သက်မှူးရွှေစင် ယှဉ်ပြိုင်နေစဉ်။ (ဓါတ်ပုံ- သီဟသစ်)

Dec 18 16:29
တိုက်ကွမ်ဒိုပြိုင်ပွဲ (အမျိုးသမီးတစ်ဦးချင်း ကကွက်ပြိုင်ပွဲ) တွင် မြန်မာကရာတေးမယ် ယမင်းကေခိုင်က ရွှေတံဆိပ် ဆွတ်ခူး
နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း (အေ) ရုံတွင် ဒီဇင်ဘာလ ၁၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် တိုက်ကွမ်ဒိုပြိုင်ပွဲ (အမျိုးသမီးတစ်ဦးချင်း ကကွက်ပြိုင်ပွဲ) တွင် မြန်မာကရာတေးမယ် ယမင်းကေခိုင်က ရွှေတံဆိပ် ဆွတ်ခူးသွားခဲ့သည်။ (ဓါတ်ပုံ - သက်ပိုင်)

Dec 18 16:28
တိုက်ကွမ်ဒိုပြိုင်ပွဲ (တစ်ဦးချင်း ကကွက်ပြိုင်ပွဲ) မြန်မာကရာတေးသမား သော်ဇင်ဟန်က ရွှေတံဆိပ် ဆွတ်ခူး
နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း (အေ) ရုံတွင် ဒီဇင်ဘာလ ၁၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တိုက်ကွမ်ဒိုပြိုင်ပွဲ (တစ်ဦးချင်း ကကွက်ပြိုင်ပွဲ) မြန်မာကရာတေးသမား သော်ဇင်ဟန်က ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။ (ဓါတ်ပုံ - သက်ပိုင်)

Dec 18 16:03
၁၆၃ ကီလိုမီတာ တာဝေးစက်ဘီးပြိုင်ပွဲတွင် လာအိုက ပထမရ
၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၊ ရှမ်းပြည်တောင်ပိုင်း လိန်းလီတံတားမှ နေပြည်တော် လယ်ဝေးသို့ စီးနင်းယှဉ်ပြိုင်သည့် ၁၆၃ ကီလိုမီတာ တာဝေးစက်ဘီးပြိုင်ပွဲတွင် လာအိုက ပထမရရှိပြီး ဒုတိယကို ဗီယက်နမ်က ရရှိခဲ့ကာ အင်ဒိုနီးရှားက တတိယ ဆွတ်ခူးခဲ့သည်။ (ဓါတ်ပုံ - ကျော်သူရိန်)

Dec 18 16:02
စားပွဲတင်တင်းနစ် အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် ဗီယက်နမ်က သုံးပွဲပြတ်ဖြင့် အနိုင်ရ
နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားရုံတွင် ဒီဇင်ဘာ ၁၈ ရက်က ကျင်းပပြုလုပ်သည့် စားပွဲတင်တင်းနစ် အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဗီယက်နမ်က သုံးပွဲပြတ်ဖြင့် အနိုင်ရရှိသွားခဲ့သည်။ ဓါတ်ပုံ (သီဟသစ်)

Dec 18 15:58
ပိုက်ကျော်ခြင်း နှစ်ယောက်တွဲ ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းက ၃ ပွဲအပြတ်ဖြင့် အနိုင်ရ
နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) တွင် ဒီဇင်ဘာလ ၁၈ ရက်က ကျင်းပသည့် ပိုက်ကျော်ခြင်း နှစ်ယောက်တွဲ ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကြရာ မြန်မာအသင်းက အင်ဒိုနီးရှားအား ၃ ပွဲအပြတ်ဖြင့် အနိုင်ရခဲ့သည်။ (ဓါတ်ပုံ - သီဟသစ်)

Dec 18 15:50
ဆီးဂိမ်းအမျိုးသားဟော်ကီပွဲစဉ်တွင် ထိုင်းအသင်းက ဗီယက်နမ်အသင်းကို ၈-၀ ဂိုးဖြင့်အနိုင်ရ
ဒီဇင်ဘာ ၁၈ ရက်ကရန်ကုန်မြို့၊ သိမ်ဖြူဟော်ကီကွင်းတွင်ပြုလုပ်ခဲ့သော ၂၇ ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဟော်ကီပွဲစဉ်တွင် ထိုင်းအသင်းက ဗီယက်နမ်အသင်းကို ၈-၀ ဂိုးဖြင့်အနိုင်ရခဲ့သည်။ (ဓါတ်ပုံ ရဲဟိန်း)

Dec 18 12:52
ရိုးရာလှေလှော် (TBR) ပြိုင်ပွဲအမျိုးအစား ခြောက်မျိုးတွင် ခြောက်မျိုးလုံး မြန်မာအသင်း ရွှေတံဆိပ်ဆု ဆွတ်ခူး
ဒီဇင်ဘာလ ၁၈ ရက်နေ့က နေပြည်တော် ငလိုက်ဆည်တွင် ကျင်းပခဲ့သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရိုးရာလှေလှော် (TBR) ပြိုင်ပွဲအမျိုးအစား ခြောက်မျိုးတွင် မြန်မာအသင်းမှ ခြောက်မျိုးလုံးတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။ ရွှေတံဆိပ်ရရှိခဲ့သော ရိုးရာလှေ ပြိုင်ပွဲများမှာ - ရိုးရာလှေ အမျိုးသား ၁၀ တက်လှော် မီတာ ၁၀၀၀၊ ရိုးရာလှေ အမျိုးသမီး ၁၀ တက်လှော် မီတာ ၁၀၀၀၊ ရိုးရာလှေ အမျိုးသား ၂၀ တက်လှော် မီတာ ၁၀၀၀၊ ရိုးရာလှေ အမျိုးသမီး ၂၀ တက်လှော် မီတာ ၁၀၀၀၊ ရိုးရာလှေ ကျား၊မ ၁၀ တက်လှော် မီတာ ၁၀၀၀၊ ရိုးရာလှေ ကျား၊မ ၂၀ တက်လှော် မီတာ ၁၀၀၀ တို့ဖြစ်သည်။ (ဓါတ်ပုံ - ကဝေ)

Dec 18 09:16
အမျိုးသားဘောလုံးပွဲစဉ်တွင် မလေးရှား အသင်းမှ ၂-၁ ဂိုးဖြင့် အနိုင် ရ
နေပြည်တော်၊ ဇေယျာသီရိဘောလုံးကွင်းတွင် ဒီဇင်ဘာ ၁၇ ရက်က ကစားခဲ့သည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အမျိုးသားဘောလုံးပွဲစဉ်တွင် မလေးရှား အသင်းနှင့် ဗီယက်နမ် အသင်းတို့ ယှဉ်ပြိုင် ရာ မလေးရှား အသင်းမှ ၂-၁ ဂိုးဖြင့် အနိုင် ရရှိသွားခဲ့သည်။ (ဓါတ်ပုံ - ကျော်သူရိန်)

Dec 18 09:13
အမျိုးသမီး မီတာ ၄၀၀ တန်းကျော်ပြေးပွဲတွင် ထိုင်းအပြေးမယ်က ဗိုလ်စွဲ
နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိကွင်းတွင် ဒီဇင်ဘာလ ၁၇ ရက်က ကျင်းပသော အမျိုးသမီး မီတာ ၄၀၀ တန်းကျော်ပြေးပွဲတွင် ထိုင်းအပြေးမယ် နံပတ် ၁၅၂ THA WASSANA WINATHO က ဗိုလ်စွဲသွားသည်။ (ဓါတ်ပုံ - လင်းလင်း)

Girls