News and Updates

Dec 19 12:04
ရွက်လှေပြိုင်ပွဲတွင် ထိုင်းနိုင်ငံ က Optimist Team Class တွင် ရွှေ ရ
မြန်မာနိုင်ငံတွင်ကျင်းပသော (၂၇) ကြိမ်မြောက် ဆီးဂိမ်း ရွက်လှေပြိုင်ပွဲတွင် ထိုင်းနိုင်ငံ က Optimist Team Class တွင် ရွှေ ရရှိကြောင်းအတည်ပြုပြီး စင်ကာပူ နိုင်ငံမှ ငွေ နှင့် မလေးရှားနိုင်ငံ မှ ကြေး အသီးသီးရရှိသွားပြီဖြစ်ပါသည်။

Dec 19 12:02
ဗိုဗီနမ်ပြိုင်ပွဲ အမျိုးသမီး (လက်နက် အလှပြ) ပွဲစဉ်တွင် မြန်မာနိုင်ငံမှ နှင်းသီတာက ကရွှေတံဆိပ်ဆွတ်ခူး
ဒီဇင်ဘာလ ၁၉ ရက်က နေပြည်တော် ဇေယျာသီရိအားကစားရုံ (အေ) တွင်ကျင်းပခဲ့သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဗိုဗီနမ်ပြိုင်ပွဲ အမျိုးသမီး (လက်နက် အလှပြ) ပွဲစဉ်တွင် မြန်မာနိုင်ငံမှ နှင်းသီတာက ကရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့သည်။ (ဓာတ်ပုံ ထက်နောင်နောင်)

Dec 19 11:59
ဗိုဗီနမ်ပြိုင်ပွဲ အမျိုးသမီးနှစ်ယောက်တွဲအလှပြပွဲစဉ်တွင် မြန်မာမှ ခြူးသင်ဇာစိုးနှ င့် ပပ၀င်းအတွဲကရွှေတံဆိပ်ဆွတ်ခူး
ဒီဇင်ဘာလ ၁၉ ရက်က နေပြည်တော် ဇေယျာသီရိအားကစားရုံ (အေ) တွင်ကျင်းပခဲ့သော ၂၇ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဗိုဗီနမ်ပြိုင်ပွဲ အမျိုးသမီးနှစ်ယောက်တွဲအလှပြပွဲစဉ်တွင် မြန်မာမှ ခြူးသင်ဇာစိုးနှ င့် ပပ၀င်းအတွဲကရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့သည်။ (ဓာတ်ပုံ- ထက်နောင်နောင်)

Dec 19 11:55
ဟော်ကီပြိုင်ပွဲအမျိုးသမီးပွဲစဉ်တွင် မြန်မာအသင်းကကမ္ဘောဒီးယားအသင်းကို ၇-၀ ဂိုးဖြင့်အနိုင်ရ
ဒီဇင်ဘာလ ၁၉ ရက်က ရန်ကုန်မြို့ သိမ်ဖြူဟော်ကီကွင်းတွင်ကျင်းပသော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဟော်ကီပြိုင်ပွဲအမျိုးသမီးပွဲစဉ်တွင် မြန်မာအသင်းက ကမ္ဘောဒီးယား အသင်းကို ၇-၀ ဂိုးဖြင့်အနိုင်ရခဲ့သည်။ (ဓါတ်ပုံ ရဲဟိန်း)

Dec 19 11:53
ဟော်ကီပြိုင်ပွဲအမျိုးသမီးပွဲစဉ်တွင် ထိုင်းအသင်းက စင်ကာပူအသင်းကို ၄-၂ ဂိုးဖြင့်အနိုင်ရ
ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ သိမ်ဖြူဟော်ကီကွင်းတွင်ကျင်းပခဲ့သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဟော်ကီပြိုင်ပွဲအမျိုးသမီးပွဲစဉ်တွင် ထိုင်းအသင်းက စင်ကာပူအသင်းကို ၄-၂ ဂိုးဖြင့်အနိုင်ရခဲ့သည်။ (ဓါတ်ပုံ ရဲဟိန်း)

Dec 19 11:47
သရုပ်ပြအမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းပြိုင်ပွဲဝင်
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဗိုဗီနမ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၉ ရက်က နေပြည်တော်၊ ဇေယျာသီရိအားကစားရုံ (အေ) တွင်ကျင်းပခဲ့ပြီး သရုပ်ပြအမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းပြိုင်ပွဲဝင်နေစဉ်။ (ဓါတ်ပုံ ကျော်သူရိန်)

Dec 19 11:46
ဗိုဗီနမ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ့ရိုးရာဗန်တိုသိုင်းပညာဖြင့် သရုပ်ပြဖျော်ဖြေ
၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဗိုဗီနမ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်က နေပြည်တော်၊ ဇေယျာသီရိအားကစားရုံ(A) တွင်ကျင်းပခဲ့ပြီး မြန်မာ့ရိုးရာဗန်တိုသိုင်းပညာ ဖြင့် သရုပ်ပြဖျော်ဖြေပေးခဲ့သည်။ (ဓါတ်ပုံ ထက်နောင်နောင်)

Dec 19 11:13
ဗိုဗီနမ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက်က နေပြည်တော်၊ ဇေယျာသီရိအားကစားရုံ(အေ) တွင်ကျင်းပ
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဗိုဗီနမ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက်က နေပြည်တော်၊ ဇေယျာသီရိအားကစားရုံ(အေ) တွင်ကျင်းပခဲ့ရာ အားကစားဝန်ကြီးဋ္ဌာန၀န်ကြီးဦးတင့်ဆန်း တက်ရောက် ဖွင့်လှစ်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများကိုအမှတ်တရလက်ဆောင်ပေးအပ်ခဲ့သည်။ (ဓါတ်ပုံ ထက်နောင်နောင်)

Dec 19 09:07
အမျိုးသား ဒိုင်ဗင် ၁၀ မီတာ Platform ပြိုင်ပွဲတွင် မလေးရှားလက်ရွေးစင် ငွေတံဆိပ်ဆုရ
နေပြည်တော် ဝဏ္ဏသိဒ္ဓိရေကူးအားကစားရုံတွင်ဒီဇင်ဘာလ ၁၈ ရက်က ကျင်းပခဲ့သည့် အမျိုးသား ဒိုင်ဗင် ၁၀ မီတာ Platform ပြိုင်ပွဲတွင် မလေးရှားလက်ရွေးစင် Ool Tze Liang က ငွေတံဆိပ်ဆုရရှိသည်။ (ဓါတ်ပုံ- သီဟသစ်)

Dec 19 09:04
တာဝေးပြေး မီတာ ၂၀၀ အမျိုးသား လူရွေးပွဲ ပြုလုပ်ကျင်းပ
၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တာဝေးပြေး မီတာ ၂၀၀ အမျိုးသား လူရွေးပွဲကို ပြုလုပ်ကျင်းပနေသည်ကို ဒီဇင်ဘာလ ၁၈ရက် နံနက်ပိုင်းက နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ပြေးခုန်ပြစ်အားကစားကွင်းအတွင်း တွေ့ရစဉ်။ (ဓါတ်ပုံ - ဟိန်းထက်)

Girls