News and Updates

Dec 19 14:17
ရိုးရာလှေ အမျိုးသမီး တက် ၂၀ မီတာ ၅၀၀ ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ယှဉ်ပြိုင်နေစဉ်။
ဒီဇင်ဘာလ ၁၉ ၇က်နေ့က နေပြည်တော် ငလိုက်ဆည်တွင် ပြုလုပ်သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရိုးရာလှေ အမျိုးသမီး တက် ၂၀ မီတာ ၅၀၀ ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ယှဉ်ပြိုင်နေစဉ်။ (ဓါတ်ပုံ - ရွှေဖြိုးမောင်မောင်)

Dec 19 13:43
အမျိုးသား ဘောလီဘောပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်
၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသား ဘောလီဘောပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့ ဒီဇင်ဘာလ ၁၉ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားနေစဉ်။ (ဓါတ်ပုံ - ဟိန်းထက်)

Dec 19 13:32
အမျိုးသမီး BMX Cross စက်ဘီးစီး ပြိုင်ပွဲ လူရွေးပွဲ ပြုလုပ်ကျင်းပ
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီး BMX Cross စက်ဘီးစီး ပြိုင်ပွဲ လူရွေးပွဲကို ဒီဇင်ဘာလ ၁၉ရက် နံနက်ပိုင်းက နေပြည်တော်ရှိ BMX စက်ဘီးစီးကွင်းတွင် ပြုလုပ်ကျင်းပနေစဉ်။ ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်များကို မွန်းလွဲ ၂နာရီတွင် စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။ (ဓါတ်ပုံ - ဟိန်းထက်)

Dec 19 13:30
အမျိုးသား BMX Cross စက်ဘီးစီး ပြိုင်ပွဲ လူရွေးပွဲ ပြုလုပ်ကျင်းပ
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသား BMX Cross စက်ဘီးစီး ပြိုင်ပွဲ လူရွေးပွဲကို ဒီဇင်ဘာလ ၁၉ရက် နံနက်ပိုင်းက နေပြည်တော်ရှိ BMX စက်ဘီးစီးကွင်းတွင် ပြုလုပ်ကျင်းပနေစဉ်။ ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်များကို မွန်းလွဲ ၂နာရီတွင် စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။ (ဓါတ်ပုံ - ဟိန်းထက်)

Dec 19 13:21
ရွက်လှေပြိုင်ပွဲ၏ Half Rater ရွက်လှေပြိုင်ပွဲတွင် စည်သူမိုးမြင့်နှင့် ဖုန်းကျော်မိုးမြင့် တို့ အတွဲက ရွှေတံဆိပ်ရယူပေး
ပုသိမ်မြို့၊ ငွေဆောင်ကမ်းခြေတွင် ပြုလုပ်ခဲ့သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရွက်လှေပြိုင်ပွဲ၏ Half Rater ရွက်လှေပြိုင်ပွဲတွင် စည်သူမိုးမြင့်နှင့် ဖုန်းကျော်မိုးမြင့် တို့ အတွဲက မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ရယူ ပေးခဲ့သည်။ (ဓါတ်ပုံ - စည်သူမောင်မောင်)

Dec 19 12:53
စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်အဆင့်အမျိုးသမီးအသင်းလိုက်တွင် မလေးရှားအသင်းက ထိုင်းအသင်းကို ၃-၁ ပွဲဖြင့် အနိုင်ရ
နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) တွင်ဒီဇင်ဘာ ၁၉ ရက်က ကျင်းပပြုလုပ်ခဲ့သည့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်အဆင့်အမျိုးသမီးအသင်းလိုက်တွင် ထိုင်းလက်ရွေးစင်အသင်းနှင့် မလေးရှား လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်နေစဉ်။ ပွဲအပြီးတွင် မလေးရှားအသင်းက ထိုင်းအသင်းကို ၃-၁ ပွဲဖြင့် အနိုင်ရရှိသွားခဲ့သည်။ (ဓါတ်ပုံ-သီဟသစ်)

Dec 19 12:51
ပိုက်ကျော်ခြင်း နှစ်ယောက်တွဲ ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် အမျိုးသားအသင်းက အနိုင်ရ
နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) တွင် ဒီဇင်ဘာ ၁၉ ရက်က ကျင်းပခဲ့သော ပိုက်ကျော်ခြင်း နှစ်ယောက်တွဲ ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် အမျိုးသားအသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင် အမျိုးသားအသင်းတို့ ယှဉ်ပြိုင်နေစဉ်။ ပွဲအပြီးတွင် မြန်မာအသင်းက ၂-၁ ပွဲဖြင့် အနိုင်ရရှိသွားခဲ့သည်။ (ဓါတ်ပုံ - သီဟသစ်)

Dec 19 12:50
ဟော်ကီပြိုင်ပွဲ အမျိုးသမီးပွဲစဉ်တွင် မလေးရှားသင်းကအင်ဒိုနီးရှားအသင်းကို ၁၀-၀ ဂိုးဖြင့်အနိုင်ရ
ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ သိမ်ဖြူဟော်ကီကွင်းတွင်ကျင်းပခဲ့သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဟော်ကီပြိုင်ပွဲ အမျိုးသမီးပွဲစဉ်တွင် မလေးရှားသင်းကအင်ဒိုနီးရှားအသင်းကို ၁၀-၀ ဂိုးဖြင့်အနိုင်ရခဲ့သည်။ (ဓါတ်ပုံ ရဲဟိန်း)

Dec 19 12:48
ရိုးရာလှေ အမျိုးသား တက် ၂၀ မီတာ ၅၀၀ တွင် အင်ဒိုနီးရှားအသင်းက ရွှေတံဆိပ် ရရှိ
ဒီဇင်ဘာလ ၁၉ ရက်နေ့က နေပြည်တော် ငလိုက်ဆည်တွင်ပြုလုပ်ခဲ့သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရိုးရာလှေ အမျိုးသား တက် ၂၀ မီတာ ၅၀၀ တွင် အင်ဒိုနီးရှားအသင်းက ရွှေတံဆိပ် ရရှိခဲ့သည်။ (ဓါတ်ပုံ - ကဝေ)

Dec 19 12:45
ရိုးရာလှေ အမျိုးသမီး တက် ၂၀ မီတာ ၅၀၀ ပြိုင်ပွဲတွင်မြန်မာအမျိုးသမီးအသင်းက ရွှေတံဆိပ်ရ
ဒီဇင်ဘာလ ၁၉ ရက်နေ့က နေပြည်တော် ငလိုက်ဆည်တွင်ပြုလုပ်ခဲ့သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရိုးရာလှေ အမျိုးသမီး တက် ၂၀ မီတာ ၅၀၀ ပြိုင်ပွဲတွင်မြန်မာအမျိုးသမီးအသင်းက ရွှေတံဆိပ်ရရှိခဲ့သည်။ (ဓါတ်ပုံ - ကဝေ)

Girls