News and Updates

Dec 20 09:06
Women's 4/4 Relay အမျိုးသမီး လက်ဆင့်ကမ်း ပြိုင်ပွဲတွင် မြန်မာအသင်းက 3:42:88စံချိန်ဖြင့် တတိယဆု ရ
ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်သော ၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ Women's 4/4 Relay အမျိုးသမီး လက်ဆင့်ကမ်း ပြိုင်ပွဲတွင်3:36:58 စံချိန်ဖြင့် ထိုင်းအသင်းက ရွှေတံဆိပ်ရရှိပြီး မြန်မာအသင်းက 3:42:88စံချိန်ဖြင့် တတိယ ဆုရရှိသည်။ (ဓာတ်ပုံ - လင်းလင်း)

Dec 20 09:02
မွေလက်ဝှေ့ပြိုင်ပွဲ ၇၁ ကီလိုတန်း အကြိုဗိုလ်လုပွဲတွင် မြန်မာနိုင်ငံမှ ထွန်းထွန်းမင်း အနိုင်ရ
ဒီဇင်ဘာလ ၁၉ ရက်က နေပြည်တော် ၀ဏ္ဏသိဒ္ဓိ မွေအားကစားရုံ၌ ကျင်းပခဲ့သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မွေလက်ဝှေ့ပြိုင်ပွဲ ၇၁ ကီလိုတန်း အကြိုဗိုလ်လုပွဲတွင် မြန်မာနိုင်ငံမှ ထွန်းထွန်းမင်းနှင့် ဗီယက်နမ်မှ Quoc Hung Truong ယှဉ်ပြိုင်ရာ မြန်မာမှ ထွန်းထွန်းမင်း အနိုင်ရသွားသည်။ (ဓါတ်ပုံ - အေဇော်)

Dec 20 08:49
ထိုင်း VS စင်ကာပူ
၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ မှ ထိုင်းအသင်းနှင့် စင်ကာပူအသင်းတို့ ဒီဇင်ဘာလ ၁၉ရက် ညပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားကြစဉ် ထိုင်းအသင်းက ၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

Dec 19 22:25
Women's 1500m အမျိုးသမီး မီတာ 1500 အပြေးပြိုင်ပွဲ
ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပပြုလုပ်သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲ Women's 1500m အမျိုးသမီး မီတာ 1500 အပြေးပြိုင်ပွဲတွင် 4:22,64 စံချိန်ဖြင့် ဗီယက်နမ်မှ THI THAO DO မှ ရွှေတံဆိပ် ဆွတ်ခူးသွားပြီး မြန်မာနိုင်ငံမှ မဖြူဝါသက် 4:27.01 စံချိန်ဖြင့် ငွေတံဆိပ် နှင့် မသန်းတိုးခင်မျိုးအောင်မှ 4:32.33 စံချိန်ဖြင့် တတိယ ရရှိသွားသည်။ (ဓာတ်ပုံ - လင်းလင်း)

Dec 19 16:32
ဗိုဗီနမ် Tuvenu (Female self defense) အလှပြ ပြိုင်ပွဲ မြန်မာမှ မောင်ခိုင်ဇင်ဝင်း၊ မဆုလဲ့ဖြိုးတို့ က ရွှေတံဆိပ် ဆုရ
၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဗိုဗီနမ် Tuvenu (Female self defense) အလှပြ ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၉ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိအားကစားကွင်းအတွင်း ပြုလုပ်ခဲ့ပြီး မြန်မာမှ မောင်ခိုင်ဇင်ဝင်း၊ မဆုလဲ့ဖြိုးတို့ က ရွှေတံဆိပ် ဆုရရှိခဲ့သည်။ (ဓါတ်ပုံ - ဟိန်းထက်)

Dec 19 15:44
အမျိုးသား မီတာ ၁၁၀ တန်းကျော်ပြေးပြိုင်ပွဲတွင် ထိုင်းနိုင်ငံက 13.72 စံချိန်ဖြင့် ရွှေတံဆိပ်ဆွတ်ခူး
နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားရုံတွင် ဒီဇင်ဘာ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည့် (Men's 110 Hurdles Final) အမျိုးသား မီတာ ၁၁၀ တန်းကျော်ပြေးပြိုင်ပွဲတွင် ထိုင်းနိုင်ငံမှ JAMRAS RITTIDET(နံပါတ် ၁၁၂) က 13.72 စံချိန်ဖြင့် ရွှေတံဆိပ်ဆွတ်ခူးသွားခဲ့ပြီး မလေးရှားနိုင်ငံက 14.00 စံချိန်နှင့် ဒုတိယ ရရှိကာ လာအိုက 14.17 စံချိန်နဲ့ တတိယ ရရှိသွားခဲ့သည်။ (ဓါတ်ပုံ - လင်းလင်း)

Dec 19 15:38
အမျိုးသား ဘောလီဘောပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ်။
၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသား ဘောလီဘောပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ဒီဇင်ဘာလ ၁၉ရက်မွန်လွဲ ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားနေစဉ်။ (ဓါတ်ပုံ - ဟိန်းထက်)

Dec 19 15:35
ဂျူဒိုအတိုက် ပြိုင်ပွဲ၊ (၅၅ - ၆၀)ကီလိုတန်းတွင် ဗီယက်နမ် အနိုင်ရ
၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဂျူဒိုအတိုက် ပြိုင်ပွဲတွင်(၅၅ - ၆၀)ကီလိုတန်းတွင် ဗီယက်နမ်မှ Ngan Giang Ho နှင့် ထိုင်းမှ Sahachai Chat Chawa တို့ ဒီဇင်ဘာလ ၁၉ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြရာ ဗီယက်နမ်က အနိုင်ရရှိသည်။ (ဓါတ်ပုံ - ဟိန်းထက်)

Dec 19 15:19
အမျိုးသား ဘောလီဘောပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်
၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသား ဘောလီဘောပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ဒီဇင်ဘာလ ၁၉ရက် မွန်းလွဲ ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားနေစဉ်။ (ဓါတ်ပုံ - ဟိန်းထက်)

Dec 19 15:04
ဂျူဒိုအတိုက် ပြိုင်ပွဲ၊ (၅၅ - ၆၀)ကီလိုတန်းတွင် မြန်မာမှ ဟိန်းလတ်ဇော် အနိုင်ရ
၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဂျူဒိုအတိုက် ပြိုင်ပွဲ၊ (၅၅ - ၆၀)ကီလိုတန်းတွင် မြန်မာမှ ဟိန်းလတ်ဇော်နှင့် ဖိလစ်ပိုင်မှ Bryn Quillotes တို့ ဒီဇင်ဘာလ ၁၉ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားရာ မြန်မာမှ ဟိန်းလတ်ဇော်က အနိုင်ရရှိခဲ့သည်။ (ဓါတ်ပုံ - ဟိန်းထက်)

Girls