News and Updates

Dec 20 15:05
ဟော်ကီ (အမျိုးသမီး) ပြိုင်ပွဲ စင်ကာပူကို ၁-၀ ဂိုးဖြင့်နိုင်ပြီး မြန်မာ ကြေးတံဆိပ်ရ
ဒီဇင်ဘာ ၂၀ ရက်ကရန်ကုန်မြို့၊ သိမ်ဖြူဟော်ကီကွင်းတွင်ကျင်းပခဲ့သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဟော်ကီ (အမျိုးသမီး) ပြိုင်ပွဲ တတိယနေရာလုပွဲတွင် မြန်မာအသင်းက စင်ကာပူကို ၁-၀ ဂိုးဖြင့်နိုင်ပြီး ကြေးတံဆိပ်ရခဲ့သည်။ (ဓာတ်ပုံ ရဲဟိန်း)

Dec 20 15:02
ပီတန်း အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲ မြန်မာ အနိုင်ရ
ဒီဇင်ဘာလ ၂၀ ရက်က နေပြည်တော် ကျောက်ဒိုးကွင်း တွင်ကစားသော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပီတန်း အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် မြန်မာ နှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာ အနိုင်ရခဲ့သည်။ (ဓါတ်ပုံ - မင်းသျှင်သွေး)

Dec 20 14:56
အမျိုးသားဘောလီဘောပွဲ လာအိုအသင်းက မလေးရှားအသင်းအား အနိုင်ရ
နေပြည်တော် ဇေယျာသီရိ အားကစားကွင်းတွင် ပြုလုပ်သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလီဘောပွဲစဉ် အဖြစ် မလေးရှား အသင်းနှင့် လာအို အသင်းတို့ ယှဉ် ပြိုင်ကစားကြရာ လာအိုအသင်းက မလေးရှားအသင်းအား ၃-၂ ဖြင့် အနိုင်ရရှိသွားသည်။ (ဓါတ်ပုံ - ကျော်သူရိန်)

Dec 20 13:57
တိုက်ကွမ်ဒိုတစ်ဦးချင်း(Fly -53 kg) အတိုက်ပြိုင်ပွဲတွင် ဗီယက်နမ် အနိုင်ရ
နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားရုံတွင် ဒီဇင်ဘာ ၂၀ ရက်က ကျင်းပပြုလုပ်သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားးပြိုင်ပွဲ တိုက်ကွမ်ဒို တစ်ဦးချင်း(Fly -53 kg) အတိုက်ပြိုင်ပွဲတွင် မြန်မာမှ ဒီဇင်ဘာဦး နှင့်  ဗီယက်နမ်နိုင်ငံမှ THANH THAO NGUYEN တို့ယှဉ်ပြိုင်ရာ ပွဲအပြီးတွင် ဒီဇင်ဘာဦးက ဗီယက်နမ်ကို ၁၂-၁ဖြင့် ရှုံးနိမ့်သွားခဲ့သည်။ (ဓါတ်ပုံ - သက်ပိုင်)

Dec 20 13:55
အမျိုးသမီးတစ်ဦးချင်း တိုက်ကွမ်ဒို(53 under kg Bantan) အတိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဒီဇင်ဘာဦး အနိုင်ရ
နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ဒီဇင်ဘာ ၂၀ ရက်က ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း တိုက်ကွမ်ဒို(53 under kg Bantan) အတိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဒီဇင်ဘာဦး နှင့်  မလေးရှားမှ Nur Dhla Liyana Shaharuddin တို့ ယှဉ်ပြိုင်ရာ ပွဲအပြီးတွင် ဒီဇင်ဘာဦးက မလေးရှားတိုက်ကွမ်ဒိုမယ်ကို ၈-၆ ဖြင့် အနိုင်ရရှိသွားခဲ့သည်။(ဓါတ်ပုံ- သက်ပိုင်)

Dec 20 13:48
တိုက်ကွမ်ဒို တစ်ဦးချင်း(Fly - 49 kg) အတိုက်ပြိုင်ပွဲတွင် ထိုင်း အနိုင်ရ
နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားရုံတွင် ဒီဇင်ဘာ ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တိုက်ကွမ်ဒို တစ်ဦးချင်း(Fly - 49 kg) အတိုက်ပြိုင်ပွဲတွင် မြန်မာမှ အိန္ဒြာအောင် နှင့်  ထိုင်းနိုင်ငံမှ PHANNAPA HARNSUJINI နှင့် ယှဉ်ပြိုင်ကြရာ ပွဲအပြီးတွင် အိန္ဒြာအောင်က ထိုင်းကို ၁၁-၃ ဖြင့် ရှုံးနိမ့်သွားခဲ့သည်။ (ဓါတ်ပုံ - သက်ပိုင်)

Dec 20 13:14
အင်ဒိုနီရှား VS မလေးရှား
၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် အင်ဒိုနီရှားအသင်း က မလေးရှားအသင်း အားပင်နယ်တီအဆုံးဖြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့တက်ရောက်သွားပြီဖြစ်သည်။

Dec 20 13:12
ထိုင်းအသင်းက မလေးရှားအသင်းအားအနိုင်ရ
နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) တွင်ဒီဇင်ဘာ ၁၉ ရက်က ကျင်းပပြုလုပ်ခဲ့သည့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်အဆင့်အမျိုးသမီးအသင်းလိုက်တွင် ထိုင်းလက်ရွေးစင်အသင်းနှင့် မလေးရှား လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်နေစဉ်။ ပွဲအပြီးတွင်ထိုင်းအသင်းက မလေးရှားအသင်းအားအနိုင်ရရှိခဲ့သည်။

Dec 20 13:09
ထိုင်းလက်ရွှေးစင် Vs စကာင်္ပူလက်ရွှေးစင်
နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) တွင် ဒီဇင်ဘာလ ၁၉ ရက်က ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ စားပွဲတင်တင်းနစ် အသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းလက်ရွှေးစင် အမျိုးသားအသင်းမှ ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရ ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) တွင် ဒီဇင်ဘာ ၁၉ ရက်က ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ စားပွဲတင်တင်းနစ် အသင်းလိုက်ပြိုင်ပွဲတွင်စကာင်္ပူလက်ရွှေးစင် အမျိုးသမီးအသင်းမှ ရွှေတံဆိပ်ဆု ဆွတ်ခူး

Dec 20 12:52
ကျား၊မ တက် ၂၀ မီတာ ၅၀၀ ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းက ရွှေတံဆိပ် ရ
ဒီဇင်ဘာလ ၂၀ ရက်က နေပြည်တော် ငလိုက်ဆည်တွင်ပြုလုပ်သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျား၊မ တက် ၂၀ မီတာ ၅၀၀ ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းက ရွှေတံဆိပ် ရရှိခဲ့သည်။ (ဓါတ်ပုံ - ကဝေ)

Girls