News and Updates

Dec 21 08:34
အမျိုးသမီး ဘောလုံး တတိယနေရာလုပွဲ အားကျင်းပ ခဲ့ရာ မြန်မာ အသင်းမှ မလေးရှား အသင်း အား (၆)ဂိုး ဂိုးမရှိဖြင့် တတိယနေရာ ရရှိ
မန္တလေးမြို့၊မန္တလာသီရိ အားကစားကွင်းတွင် ၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံး တတိယနေရာလုပွဲ အားကျင်းပ ခဲ့ရာ မြန်မာ အသင်းမှ မလေးရှား အသင်း အား (၆)ဂိုး ဂိုးမရှိဖြင့် တတိယနေရာ ရရှိသွားပါသည်။ ပွဲအပြီးတွင် သိန်းပေါင်း နှစ်ထောင်ခြောက်ဆယ် ကျော်အား လုပ်ငန်းရှင် များ မှ မြန်မာအမျိုးသမီးဘောလုံးအဖွဲ့အား ဂုဏ်ပြုပေးအပ်ခဲ့ပါသည်။ (ဓါတ်ပုံ - မီးစက်ကြီး)

Dec 21 08:30
ပီတန်း အမျိုးသမီး သုံးယောက်တွဲ ပြိုင်ပွဲ
ဒီဇင်ဘာလ ၂၀ ရက်က နေပြည်တော် ကျောက်ဒိုးကွင်း တွင်ကစားသော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပီတန်း အမျိုးသမီး သုံးယောက်တွဲ ပြိုင်ပွဲ တွင် မြန်မာ နှင့် ဗီယက်နမ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဗီယက်နမ်အသင်းက အနိုင်ရသည်။

Dec 21 08:20
ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်း
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပွဲ စဉ်အဖြစ် ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့ ဗိုလ်လုပွဲကို မန္တလေးမြို့ မန္တလာသီရိ ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားနေစဉ်။ (ဓါတ်ပုံ - မီးစက်ကြီး) ထိုင်း ၂ : ၁ ဗီယက်နမ် နှင့် ထိုင်းအသင်းရွှေတံဆိပ် ရခဲ့သည်။

Dec 20 17:20
အမျိုးသမီး ဘောလုံးအသင်း တတိယလုပွဲ ပထမပိုင်းအပြီး၌မြန်မာအသင်းက မလေးရှားအသင်းကို ၃-၀ ဂိုးဖြင့်အနိုင်ရနေ
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးအသင်း တတိယလုပွဲ ကို မလေးရှားအသင်းနှင့် မြန်မာအသင်းတို့ မန္တလေးမြို့၊ မန္တလာသီရိကွင်းတွင်ကစားနေရာ ပထမပိုင်းအပြီး၌မြန်မာအသင်းက မလေးရှားအသင်းကို ၃-၀ ဂိုးဖြင့်အနိုင်ရနေသည်။ (ဓါတ်ပုံ မီးစက်ကြီး)

Dec 20 17:05
ပိုက်ကျော်ခြင်း နှစ်ယောက်တွဲ ပြိုင်ပွဲ နောက်ဆုံးဖိုင်နယ်ပွဲစဉ်တွင် မြန်မာလက်ရွေးစင် အမျိုးသားအသင်းက ရွှေတံဆိပ်ဆု အရယူ
နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) တွင်ဒီဇင်ဘာ ၂၀ ရက်က ကျင်းပသော ၂၇ ကြိမ်မြောက် ဆီးဂိမ်း ပိုက်ကျော်ခြင်း နှစ်ယောက်တွဲ ပြိုင်ပွဲ နောက်ဆုံးဖိုင်နယ်ပွဲစဉ်တွင် မြန်မာလက်ရွေးစင် အမျိုးသားအသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင် အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာလက်ရွေးစင် အမျိုးသားအသင်းက ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့သည်။ (ဓါတ်ပုံ - သီဟသစ်)

Dec 20 16:07
ကမ်ပိုပြိုင်ပွဲအမျိုးသား အတိုက်ပွဲ ၅၀ ကီလိုတန်းနှင့် ၆၀ ကီလိုတန်းတို့တွင် မြန်မာကစားသမားများ ရွှေတံဆိပ်ရ
ဒီဇင်ဘာလ ၂၀ ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံတွင်ကျင်းပသော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကမ်ပိုပြိုင်ပွဲအမျိုးသား အတိုက်ပွဲစဉ်၌ ၅၀ ကီလိုတန်းတွင်သန်းဝင်း၊ ၆၀ ကီလိုတန်းတွင်ကျော်လင်းဦး တို့က ရွှေတံဆိပ်အသီးသီးရရှိခဲ့သည်။ (ဓါတ်ပုံ- ငြိမ်းချမ်းလင်း)

Dec 20 16:01
အမျိုးသမီးဂျူဒို အတိုက် ပြိုင်ပွဲ (52 - 57 kgတန်း) ကွာတားဖိုင်နယ်တွင် ထိုင်းအသင်း အနိုင်ရ
ဒီဇင်ဘာလ ၂၀ ရက်က နေပြည်တော် ဇေယျာသီရိအားကစားကွင်းတွင် ပြုလုပ်သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဂျူဒို အတိုက် ပြိုင်ပွဲ (52 - 57 kgတန်း) ကွာတားဖိုင်နယ် တွင် မြန်မာ အသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ရာ ထိုင်းအသင်းမှ အနိုင်ရရှိသည်။ (ဓါတ်ပုံ - ကျော်သူရိန်)

Dec 20 15:56
အမျိုးသမီးဂျူဒို အတိုက် ပြိုင်ပွဲ (57 - 63 kg တန်း) တွင် မြန်မာအသင်းမှ အေးအေးသင်း က အနိုင်ရ
ဒီဇင်ဘာလ ၂၀ ရက်က နေပြည်တော် ဇေယျာသီရိအားကစားကွင်းတွင် ပြုလုပ်သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဂျူဒို အတိုက် ပြိုင်ပွဲ (57 - 63 kg တန်း) တွင် မြန်မာ အသင်းနှင့် လာအို အသင်းတို့ ယှဉ်ပြိုင်ရာ မြန်မာအသင်းမှ အေးအေးသင်း က အနိုင်ရရှိသည်။ (ဓါတ်ပုံ - ကျော်သူရိန်)

Dec 20 15:50
အမျိုးသားဂျူဒို အတိုက် ပြိုင်ပွဲ တွင် ဗီယက်နမ် ကစားသမား Hai Long To ဒါဏ်ရာရ
ဒီဇင်ဘာလ ၂၀ ရက်နေ့က နေပြည်တော် ဇေယျာသီရိ အားကစားကွင်းတွင် ပြုလုပ်သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသားဂျူဒို အတိုက် ပြိုင်ပွဲ တွင် ဗီယက်နမ် အသင်းနှင့် စင်ကာပူ အသင်းတို့ ယှဉ်ပြိုင်ရာ ဗီယက်နမ် ကစားသမား Hai Long To ဒါဏ်ရာရရှိသွားသည်။ (ဓါတ်ပုံ - ကျော်သူရိန်)

Dec 20 15:27
ပိုက်ကျော်ခြင်း နှစ်ယောက်တွဲ ပြိုင်ပွဲ နောက်ဆုံးဖိုင်နယ်ပွဲစဉ်တွင် မြန်မာလက်ရွေးစင် အမျိုးသားအသင်းက ရွှေတံဆိပ်ဆု ရ
နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) တွင်ဒီဇင်ဘာ ၂၀ ရက်က ကျင်းပသော ပိုက်ကျော်ခြင်း နှစ်ယောက်တွဲ ပြိုင်ပွဲ နောက်ဆုံးဖိုင်နယ်ပွဲစဉ်တွင် မြန်မာလက်ရွေးစင် အမျိုးသားအသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင် အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာလက်ရွေးစင် အမျိုးသားအသင်းက ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့သည်။ (ဓာတ်ပုံ - သီဟသစ်)

Girls