News and Updates

Dec 21 14:57
ဂျူဒို အမျိုးသား (90) kg ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာကစားသမား အနိုင်ရပြီး ဗိုလ်လုပွဲတက်
ဒီဇင်ဘာလ ၂၁ ရက်နေ့က နေပြည်တော် ဇေယျာသီရိ အားကစားရုံ (စီ) တွင် ပြုလုပ်သော ဂျူဒို အမျိုးသား (90) kg ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာကစားသမား ဇင်လင်းအောင်(အဖြူထောင့်) က ဖိလစ်ပိုင်ကစားသမား(အပြာထောင့်) ကို အနိုင်ရကာ ဗိုလ်လုပွဲ တတ်ရောက်သွားသည်။ ဗိုလ်လုပွဲများကို ဒီဇင်ဘာလ ၂၁ ရက် ညနေ၄နာရီကျော် တွင် ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ (ဓါတ်ပုံ - ထက်နောင်နောင်)

Dec 21 14:43
ရိုးရာလှေ တက်၂၀၊ မီတာ ၂၀၀၀ အမျိုးသမီးပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိသော မြန်မာအသင်းအား သမ္မတဦးသိန်းစိန် ဆုချီးမြှင့်
နေပြည်တော် ငလိုက်ဆည်တွင် ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည့် ရိုးရာလှေ တက်၂၀၊ မီတာ ၂၀၀၀ အမျိုးသမီးပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိသော မြန်မာအသင်းအား သမ္မတဦးသိန်းစိန် ဆုချီးမြှင့်နေစဉ်။ (ဓါတ်ပုံ-ဟိန်းထက်)

Dec 21 14:21
ရိုးရာလှေ တက်၂၀၊ မီတာ ၂၀၀၀ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာက ရွှေတံဆိပ် ရ
နေပြည်တော် ငလိုက်ဆည်တွင် ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက်ဆီးဂိမ်း ရိုးရာလှေ တက်၂၀၊ မီတာ ၂၀၀၀ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာက ရွှေတံဆိပ်၊ အင်ဒိုနီးရှားက ငွေတံဆိပ်နှင့် ထိုင်းက ကြေးတံဆိပ် အသီးသီး ရရှိခဲ့သည်။ (ဓါတ်ပုံ-ဟိန်းထက်)

Dec 21 14:19
ရိုးရာလှေ အမျိုးသမီးပြိုင်ပွဲနှင့် အမျိုးသား၊အမျိုးသမီးပြိုင်ပွဲတို့တွင် မြန်မာက ရွှေတံဆိပ်ရရှိခဲ့ကာ အမျိုးသားပြိုင်ပွဲတွင်မူ ငွေတံဆိပ်ရ
နေပြည်တော် ငလိုက်ဆည်တွင် ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း ရိုးရာလှေ တက်၂၀၊ မီတာ ၂၀၀၀ အမျိုးသမီးပြိုင်ပွဲနှင့် အမျိုးသား၊အမျိုးသမီးပြိုင်ပွဲတို့တွင် မြန်မာက ရွှေတံဆိပ်ရရှိခဲ့ကာ အမျိုးသားပြိုင်ပွဲတွင်မူ ငွေတံဆိပ်ရရှိခဲ့သည်။ (ဓာတ်ပုံ- ဟိန်းထက်)

Dec 21 14:16
သမ္မတဦးသိန်းစိန် ရိုးရာလှေ တက်၂၀၊ မီတာ ၂၀၀၀ အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတို့တွင် လာရောက်အားပေး
နေပြည်တော် ငလိုက်ဆည်တွင် ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း ရိုးရာလှေ တက်၂၀၊ မီတာ ၂၀၀၀ အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတို့ကို လာရောက်ကြည့်ရှုသော သမ္မတဦးသိန်းစိန်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- ဟိန်းထက်)

Dec 21 14:02
အမျိုးသားဟော်ကီပြိုင်ပွဲတတိယနေရာလုပွဲတွင် မြန်မာအသင်းက တတိယကြေးတံဆိပ်ရ
ဒီဇင်ဘာ ၂၁ ရက် က ရန်ကုန်မြို့၊ သိမ်ဖြူဟော်ကီကွင်းတွင်ကျင်းပခဲ့သော ၂၇ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဟော်ကီပြိုင်ပွဲတတိယနေရာလုပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို ၂-၀ ဂိုးဖြင့် နိုင်ပြီး တတိယကြေးတံဆိပ်ရရှိခဲ့သည်။ (ဓါတ်ပုံ ရဲဟိန်း)

Dec 21 11:58
ကမ်ပိုအမျိုးသမီး ၅၄ ကီလိုတန်းပြိုင်ပွဲတွင်မြန်မာနိုင်ငံမှ ချယ်ရီဖောက ရွှေတံဆိပ်ရ
ဒီဇင်ဘာလ ၂၁ ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံတွင်ကျင်းပသော ၂၇ ကြိမ်မြောက် ဆီးဂိမ်း ကမ်ပိုအမျိုးသမီး ၅၄ ကီလိုတန်းပြိုင်ပွဲတွင်မြန်မာနိုင်ငံမှ ချယ်ရီဖောက ရွှေတံဆိပ်ရရှိခဲ့သည်။ အင်ဒိုနီးရှားမှ ဒုတိယ၊ လာအိုနှင့် ဗီယက်နမ်တို့က ပူးတွဲ တတိယ ရရှိသည်။ (ဓာတ်ပုံ ငြိမ်းချမ်းလင်း)

Dec 21 09:51
ရွက်လှေပြိုင်ပွဲမှ မြန်မာအားကစားသမားများ ရရှိခဲ့သော ဆုတံဆိပ်များ
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ရွက်လှေပြိုင်ပွဲတွင် စည်သူမိုးမြင့်နှင့် ဖုန်းကျော်မိုးမြင့်တို့အတွဲက Half Rater Class တွင် ရွှေတံဆိပ်၊ ဆက်နိုင်အောင်က RS One Class တွင် ရွှေတံဆိပ်၊ စုမြတ်စိုးနှင့် နမ်းခမ်းဆေးတို့အတွဲက International 470 Women Class တွင် ငွေတံဆိပ်၊ ငုံဖူးလှိုင်က RS One Class တွင် ကြေးတံဆိပ်နှင့် International 420 Women တွင် မြန်မာအသင်းက ကြေးတံဆိပ် အသီးသီး ရရှိခဲ့သည်။ ရွက်လှေအားကစားနည်း (၁၃) မျိုးတို့တွင် ပြိုင်ပွဲဝင်နိုင်ငံများမှ ကစားသမား စုစုပေါင်း (၁၂၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

Dec 21 09:41
ရွက်လှေပြိုင်ပွဲ ပွဲစဉ်များတစ်လျှောက် စင်္ကာပူနိုင်ငံက ရွှေတံဆိပ် (၅) ဆုတိတိ ဆွတ်ခူးပြီး ရွှေတံဆိပ်အများဆုံး ရယူ
ဒီဇင်ဘာလ (၂၀) ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ရွက်လှေပြိုင်ပွဲ ပွဲစဉ်များတစ်လျှောက် စင်္ကာပူနိုင်ငံက ရွှေတံဆိပ် (၅) ဆုတိတိ ဆွတ်ခူးပြီး ပြိုင်ပွဲဝင်နိုင်ငံများအနက် ရွှေတံဆိပ်အများဆုံးနေရာ ရယူခဲ့သည်။ ထိုင်းနိုင်ငံက ဆုတံဆိပ် ပေါင်း (၁၁) ခုတိတိဖြင့် ဆုတံဆိပ်အများဆုံး ရရှိခဲ့သည်။

Dec 21 08:38
ဆီးဂိမ်းရွက်လှေ ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား
ဒီဇင်ဘာ ၂၀ ရက် က ပြီးဆုံးသွားခဲ့ပြီဖြစ်သော ဆီးဂိမ်းရွက်လှေ ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား နှင့်ပိတ်ပွဲ အခမ်းအနားကို ငွေဆောင်တွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲအတွင်း ရရှိသည့် ဆုများကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသိန်းအောင်နှင့် ရွက်လှေအဖွဲ့ ချုပ်ဥက္ကဋ္ဌဦးမိုးမြင့်တို့ မှ ချီးမြှင့်ခဲ့စဉ်။ (ဓာတ်ပုံ - စည်သူမောင်မောင်)

Girls