News and Updates

Dec 21 21:38
မြန်မာအမျိုးသမီးဘောလုံးအသင်း မန္တလေးမြို့အား လှည့်ပတ်ပြီး အောင်ပွဲခံ
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပွဲစဉ်တွင် တတိယရရှိသွားသော မြန်မာအမျိုးသမီးဘောလုံးအသင်း မန္တလေးမြို့အား လှည့်ပတ်ပြီး အောင်ပွဲခံနေသည်ကို မန္တလေးပရိတ်သတ်များ ကြိုဆိုစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး)

Dec 21 20:56
တိုက်ကွမ်ဒို တစ်ဦးချင်း (FIN -46 kg)
နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားရုံတွင် ဒီဇင်ဘာလ ၂၁ ရက် က ကျင်းပပြုလုပ်သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တိုက်ကွမ်ဒိုပြိုင်ပွဲ ၏တစ်ဦးချင်း (FIN -46 kg) အတိုက်ပြိုင်ပွဲတွင် မြန်မာမှ နွေးနွေး နှင့်  ထိုင်းနိုင်ငံမှ PANIPAK WONGPATTANAKIT ယှဉ်ပြိုင်ရာ မြန်မာမှ နွေးနွေးက အနိုင်ရပြီး ရွှေတံဆိပ်ဆွတ်ခူးသွားခဲ့သည်။ (ဓါတ်ပုံ - သက်ပိုင်)

Dec 21 17:29
ဂျူဒို အမျိုးသမီး (-78 kg) ဖိုင်နယ်ဗိုလ်လုပွဲစဉ်တွင် မြန်မာကစားသမား အနိုင်ရဗိုလ်စွဲ
ဒီဇင်ဘာလ ၂၁ ရက်နေ့က နေပြည်တော် ဇေယျာသီရိ အားကစားရုံ (စီ) တွင် ပြုလုပ်သော ဂျူဒို အမျိုးသမီး (-78 kg) ဖိုင်နယ်ဗိုလ်လုပွဲစဉ်တွင် မြန်မာကစားသမား အေးအေးအောင် (အပြာထောင့်) က ဗီယက်နမ်မှ Thi Nhu Y Nguyen (အဖြူထောင့်) ကို အနိုင်ရကာ ရွှေတံဆိပ်ရသွားသည်။ (ဓါတ်ပုံ - ထက်နောင်နောင်)

Dec 21 17:25
ဂျူဒို အမျိုးသား (100 kg) ဖိုင်နယ်ဗိုလ်လုပွဲစဉ်တွင် မြန်မာကစားသမား အနိုင်ရဗိုလ်စွဲ
ဒီဇင်ဘာလ ၂၁ ရက်နေ့က နေပြည်တော် ဇေယျာသီရိ အားကစားရုံ (စီ) တွင် ပြုလုပ်သော ဂျူဒို အမျိုးသား (100 kg) ဖိုင်နယ်ဗိုလ်လုပွဲစဉ်တွင် မြန်မာကစားသမား ရန်နိုင်စိုး (အပြာထောင့်) က ဗီယက်နမ်မှ Hao Dang (အဖြူထောင့်) ကို အနိုင်ရကာ ရွှေတံဆိပ်ရသွားသည်။ (ဓါတ်ပုံ - ထက်နောင်နောင်)

Dec 21 16:56
အမျိုးသား ဘောလီဘော ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ထိုင်း အမျိုးသား ဘောလီဘော အသင်း ဆုလက်ခံရယူ
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသား ဘောလီဘော ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ထိုင်း အမျိုးသား ဘောလီဘော အသင်းအား ဆုလက်ခံအပြီးတွေ့ရစဉ် (ဓါတ်ပုံ - ကျော်သူရိန်)

Dec 21 16:54
အမျိုးသမီးဘောလီဘော ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ထိုင်း အမျိုးသမီးဘောလီဘော အသင်း ဆုလက်ခံ
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလီဘော ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ထိုင်း အမျိုးသမီးဘောလီဘော အသင်းအား ဆုလက်ခံအပြီးတွေ့ရစဉ် (ဓါတ်ပုံ - ကျော်သူရိန်)

Dec 21 16:48
အမျိုးသားဘောလီဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲတွင် ထိုင်းအသင်းက အင်ဒိုနီးရှားကို သုံးပွဲပြတ် ၃-ဝ ဖြင့် အနိုင်ရ
နေပြည်တော် ဇေယျာသီရိ အားကစားရုံ(ဘီ)တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်သော ၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလီဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲတွင် ထိုင်းအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ် ပြိုင်ကစားကြပြီး ထိုင်းအသင်းက အင်ဒိုနီးရှားကို သုံးပွဲပြတ် ၃-ဝ ဖြင့် အနိုင်ရသွားသည်။ (ဓါတ်ပုံ - ထက်နောင်နောင်)

Dec 21 15:17
ဂျူဒို အမျိုးသမီး (+78) kg ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာကစားသမား ခင်မျိုးသူက ဖိလစ်ပိုင်ကစားသမားကို အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်
ဒီဇင်ဘာလ ၂၁ ရက်နေ့က နေပြည်တော် ဇေယျာသီရိ အားကစားရုံ (စီ) တွင် ပြုလုပ်သော ဂျူဒို အမျိုးသမီး (+78) kg ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာကစားသမား ခင်မျိုးသူ (အပြာထောင့်) က ဖိလစ်ပိုင်ကစားသမား (အဖြူထောင့်) ကို အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်သွားသည်။ ဗိုလ်လုပွဲများကို ဒီဇင်ဘာလ ၂၁ ရက် ညနေ၄နာရီကျော် တွင် ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ (ဓါတ်ပုံ - ထက်နောင်နောင်)

Dec 21 15:15
ဂျူဒို အမျိုးသား (100) kg ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာကစားသမားက ဗီယက်နမ်ကစားသမားကို အနိုင်ရကာ ဗိုလ်လုပွဲ တတ်ရောက်
ဒီဇင်ဘာလ ၂၁ ရက်နေ့က နေပြည်တော် ဇေယျာသီရိ အားကစားရုံ (စီ) တွင် ပြုလုပ်သော ဂျူဒို အမျိုးသား (100) kg ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာကစားသမား ရန်နိုင်စိုး (အပြာထောင့်) က ဗီယက်နမ်ကစားသမား (အဖြူထောင့်) ကို အနိုင်ရကာ ဗိုလ်လုပွဲ တတ်ရောက်သွားသည်။ ဗိုလ်လုပွဲများကို ဒီဇင်ဘာလ ၂၁ ရက် ညနေ၄နာရီကျော် တွင် ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ (ဓါတ်ပုံ - ထက်နောင်နောင်)

Dec 21 15:12
ဂျူဒို အမျိုးသမီး (၇၈) kg ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာ ဗိုလ်လုပွဲတက်
ဒီဇင်ဘာလ ၂၁ ရက်နေ့က နေပြည်တော် ဇေယျာသီရိ အားကစားရုံ (စီ) တွင် ပြုလုပ်သော ဂျူဒို အမျိုးသမီး (၇၈) kg ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာကစားသမား အေးအေးအောင် (အဖြူထောင့်) က လာအိုကစားသမား (အပြာထောင့်) ကို အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်သွားသည်။ ဗိုလ်လုပွဲများကို ဒီဇင်ဘာလ ၂၁ ရက် ညနေ၄နာရီကျော် တွင် ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ (ဓါတ်ပုံ - ထက်နောင်နောင်)

Girls